အမရပူရ ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ဆည်တော်ကြီးဆည်ရေများကို နွေစပါးနှင့် နွေနှမ်း များစိုက်ပျိုးနိုင်ရန်အတွက် ဖေဖော်ဝါရီ ၁၅ ရက်တွင် ဆည်ရေများလွှတ်ပေးသွားမည်ဖြစ်သည်။
အဆိုပါ ဆည်တော်ကြီးဆည်ရေများကို မြောင်းအမည် MC တိုက်ရိုက် ၊ တံတိုင်းရှည် ၊ တမုတ်ဆိုး၊ ကင်းဘတ်နှင့် ဆည်တော်လေးမြောင်းများကို ဖေဖော်ဝါရီ ၁၅ ရက် တွင်စတင်ရေလွှတ်ပေးမည်ဖြစ်ပြီး စိစစ်ဧက ၁၂၄၈၁ ဧက ရှိပြီး လျာထားနွေစပါးစိုက်ဧက ၆၁၇၈ ဧက နှင့် နွေနှမ်း စိုက်ဧက ၃၁၁၄ ဧကအတွက် ဆည်တော်ကြီးဆည်ရေများကို လွှတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
စိုးသီဟ(အမရ)