မိုင်းခတ်မြို့၌ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းခတ် ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် လူစည်ကား‌သောနေရာများတွင် အခမဲ့လိုက်လံဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ၁၂-၂-၁၉၄၇ ရက်နေ့တွင် ပင်လုံမြို့၌ ပင်လုံစာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည့် တိုင်းရင်းသားကိုယ်စားလှယ်များ၏ အမည်များစာရင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ခေါင်းစဉ်ဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံ‌တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသ‌ရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ သမိုင်းဝင်ပြည်ထောင်စုစာချုပ်ခေါင်းစဉ်ဖြင့် ဆောင်းပါးတိုနှင့် “နှင်းရည်ဆွတ်ဖျန်း ပွင့်ပန်းစုံညီ”ကဗျာများအကြောင်း‌ ထည့်သွင်းဖော်ပြထား‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)