ချမ်းအေးသာစံ ဖေဖော်ဝါရီ ၉
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား အမျိုးသားသဘာဝေဘးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သော ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်ခြင်းကို ချမ်းအေးသာစံမြို့နယ်၊ မင်္ဂလာစျေးဟောင်းအတွင်း၌ ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးပျက်စီးခဲ့ရသော ဝါးထရံကာအိမ်များ၊ တိုက်ခံအိမ်များ၊ ကွန်ဒိုများအား ထောက်ပံ့ငွေ၊ ဘိလပ်မြေ၊ သွပ်နှင့် သံချောင်းများအား သက်မှတ်ချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ ငလျင်ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်နိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ငလျင်ဒဏ်သင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)