တိုက်ကြီး ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီက တာခွကျေးရွာအုပ်စု၊ အင်းယက်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေအောင်လွင်က မူးယစ်ဆေးဝါးသမိုင်းကြောင်းများ၊ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲ၊ လက်ဝယ်ထားရှိပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်က မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ဆိုးကျိုးများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီးဟောပြောကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်များကို ပြသခဲ့ရာ တက်ရောက်လာသည့် ကျေးရွာပြည်သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)