ညောင်ရွှေမြို့နယ်ရှိ စီမံကိန်းသီးနှံ ဆူရာကီရမ်နေကြာစိုက်ခင်းများသို့ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

ညောင်ရွှေ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာ ရောင်နီဦးစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်း အသင်း သားပိုင် နေကြာစိုက်ခင်းများတွင် ဆူရာကီရမ် နေကြာစိုက်ပျိုး ဖြစ်ထွန်းနေမှုများကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်၊ ရှမ်းပြည်နယ် တောင်ပိုင်း/အရှေ့ပိုင်းသမဝါယမအသင်းစုချုပ် အမှုဆောင်၊ မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်အသင်းစုတို့မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစဉ် ပြည်နယ်ညွှန်ကြားရေးမှူးက နေကြာပင်များအောင်မြင်ဖြစ် ထွန်းနေမှုအပေါ် စနစ်တကျမြေဘောင်တင်ခြင်း၊ ပင်ခြားခွဲ​ခြားခြင်းများဆောင်ရွက်ကြရန်၊ ပန်းတိုင် အထွက်နှုန်းပြည့်မီစေရေး ရွက်ဖျန်းအားဆေးများ၊ သဘာဝမြေဩဇာများထည့်သွင်းစေပြီး အသင်း သားအကျိုးရရှိစေရေး အသင်းအဆင့်ဆင့်မှပူးပေါင်းဆောင်ရွက်ကြရန်၊ ထွက်ရှိလာသော နေကြာများအား သမဝါယမအသင်းပိုင် ဆီစက်များတွင်ကြိတ်ခွဲစေပြီး သမဝါယမအသင်းလမ်းကြောင်းမှတဆင့် စျေးနှုန်းသက်သာစွာဖြန့်ဖြူးနိုင်ရေး၊ မြို့နယ်သမဝါယမအသင်းစုပိုင်ဆီစက်တွင် အချိန် ပြည့်လည်ပတ်နိုင်ရေး၊ အသင်းသားများမှထွက်ရှိလာသောနေကြာများအား ဝယ်ယူသိုလှောင်ခြင်း၊ ဆီကြိတ်ခွဲဖြန့်ဖြူးခြင်းများဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)