နမ့်စန်(တ) ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းနော်ဆိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ရှမ်းပြည်နယ် အလံအား အလေးပြုခဲ့ကြသည်။
ထို့နောက် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဇေယျကျော်ထင်စည်သူ ဦးအောင်အောင်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ တိုင်းရင်းသားတိုင်းရင်းသူများက ရှမ်းရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကာ စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)ဩ