ဗိုလ်တထောင်မြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော စာရွက်စာတမ်းများ မီးရှို့ဖျက်ဆီး

ဗိုလ်တထောင် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ သတ်မှတ်ကာလစည်းကမ်းကျော်လွန်သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုခဲ့သော မဲစာရင်းများ၊ ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများ သတ်မှတ်ကာလ ကျော်လွန်၍ ဘုတ်အဖွဲ့ဖြင့် ဖွဲစည်းပြီး စနစ်တကျမီးရှို့ဖျက်ဆီးခြင်းအား အမှတ် (၁၀) ရပ်ကွက်၊ အနော်ရထာလမ်း ဗိုလ်တထောင်၊ အ.ထ.က (၆) ကျောင်းဝင်းအတွင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်၍ မီးရှို့ဖျက်ဆီးခြင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါမီးရှို့ဖျက်ဆီးလျက်ရှိရာသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မီးရှို့ဖျက်ဆီးရေးဘုတ် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများနှင့် မှတ်တမ်းများအား သတ်မှတ်ကာလစည်းကမ်းကျော်လွန်ပြီဖြစ်၍ စနစ်တကျ မီးရှို့ဖျက်စီးရေးအဖွဲ့ကို အဖွဲ့ဝင် (၈) ဦးဖွဲ့၍ ဆောင်ရွက်ခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ဝင်းက ဦးဆောင်ကာ အဖွဲ့ဝင်များက စနစ်တကျမီးရှို့ဖျက်စီးခဲ့ကြသည်အဆိုပါစာရွက်စာတမ်းများ မီးရှို့ဖျက်စီးရာတွင် မြို့နယ်မီးသတ် ဒုဦးစီးမှူး ဦးအာကာမင်းဒင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် စနစ်တကျမီးငြိမ်းသတ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ဝင်း (ပြန်/ဆက်)