ထန်းတပင်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ

ထန်းတပင် (ရန်ကုန်) ဖေဖော်ဝါရီ ၆

ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား ပိုမိုသိရှိစေရန်အတွက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားသည့် သတင်းစကားလက်ကမ်းစာစောင်များအား ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အ.ထ.က(ထန်းတပင်) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (အခမဲ့)ထုတ်ဝေခြင်းဖြစ်ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ သမိုင်းဝင်ပြည်ထောင်စု စာချုပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မိန့်ခွန်းကောက်နုတ်ချက်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ဆောင်ပုဒ်နှင့်ကဗျာဆရာ ဘိုမျိုး(ရွှေဘို)ရေးသားသည့် “နှင်းရည်ဆွတ်ဖျန်းပွင့်ပန်းစုံညီ” ကဗျာတို့ပါဝင်ကြောင်း သိရသည်။

သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အ.ထ.က(ထန်းတပင်)ရှိ ဆရာ၊ ဆရာမများပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)