ကွမ်းခြံကုန်း ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ တိုင်းရင်းဆေးများဖြင့် ကျေးရွာအရောက် ကွင်းဆင်းကုသခြင်းများကို ယနေ့နံနက်ပိုင်းက မှော်ဘီကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းက မီးဘေးလုံခြုံရေးနှင့် Fire Hotspot နှင့် မီးခိုမြူငွေ့များ ဖြစ်ပွားမှုလျော့နည်းကျဆင်းရေး အကြောင်းအရာများလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း အကျိုးကျေးဇူးအကြောင်းအရာများနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက တိုင်းရင်းဆေးအကြောင်း သိကောင်းစရာများ ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များ၊ မီးသတ်ဦးစီးဌာနက မီးသရုပ်ပြသမှုအား ကြည့်ရှုကြပြီး တိုင်းရင်းဆေးကုဌာနက တိုင်းရင်းဆေးများဖြင့် ကျေးရွာသူ/သားများအား (အခမဲ့) ဆေးကုသပေးခဲ့ကြောင်း သိရှိရပါသည်။
ဆွေနွယ် (ပြန်/ဆက်)