ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၀န်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်

ကျောက်တန်း ဖေဖော်၀ါရီ ၆

သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုရာထူး၀န်အဖွဲ့မှ ထုတ်ဝေသည့် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် ၀န်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ၀န်ထမ်းများစာရွက်စာတမ်းများလုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးရာတွင် ၀န်ထမ်းများသည် မိမိတို့ရုံးဌာန အဖွဲ့အစည်းရှိ စာရွက်စာတမ်းများကို ပေါက်ကြားမှုမရှိစေဘဲလုံခြုံစွာ ကိုင်တွယ်အရေးယူဆောင်ရွက်ရန်၊ လုံခြုံမှုအဆင့်အတန်းနှင့် ဦးစားပေးအဆင့်အလိုက် စာရွက်စာတမ်းများကို သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ရန် ရုံးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ အရေးယူဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချို မှလုံခြုံမှုအဆင့်အတန်းနှင့် စပ်လျဥ်း၍လည်းကောင်း၊ ဓါတ်ပုံ (၂) အင်အားပြဦးနေလင်းကျော်မှ စာရွက်စာတမ်းများတွင် မှတ်သားခြင်းနှင့် ပတ်သက်ပြီးလည်းကောင်း၊ စာကြည့်တိုက်လက်ထောက် (၃) (အင်အားပြ) ဒေါ်ဆုမြတ်မွန်က လုံခြုံမှုအဆင့်အတန်းသတ်မှတ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ရုပ်သံ (၃) အင်အားပြ ဦးသန်းဇော်က လျှို့၀ှက်အဆင့်အတန်းနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်စောနန်းအေးခိုင်က အတွင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း‌‌ကောင်း အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ဖတ်ရှုဆွေးနွေးချက်များနှင့် စပ်လျဥ်း၍ ပြန်လည်သုံးသပ်‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)