ချမ်းအေးသာစံ ဖေဖော်ဝါရီ ၄
မီးခိုးမြူငွေ့နှင့်လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ချမ်းအေးသာစံမြို့နယ် ချမ်းအေးငွေစုငွေချေးသမဝါယမအသင်းလိမီတက် အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဦးစွာ ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး လုပ်ငန်းစဥ်များနှင့် ရည်ရွယ်ချက်များ၊ လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး ဆောင်ရန်ရှောင်ရန်များ၊ စီမံကိန်းကျေးရွာများတွင် မီးခိုးမြူငွေ့ကင်းစင်ရေး ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အသိပညာပေးဟောပြောပွဲတက်ရောက်လာသူများအား မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)