ကျောက်ဆည်မြို့နယ်၌ အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို

ကျောက်ဆည် ‌ဖေဖော်ဝါရီ ၄

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှစတင်၍ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများ စတင်ဖြေဆိုလျက်ရှိကြောင်း  သိရသည်။

နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းများပြုလုပ်ရာတွင် (KG တန်း) မှ ကျောင်းသား/ကျောင်းသူ ၄၄၄၄ ဦး၊  Grade-1 တန်းမှ ကျောင်းသား/ကျောင်းသူ ၅၄၀၃ ဦး၊ Grade-2 တန်းမှ ကျောင်းသား/ကျောင်းသူ ၅၆၁၇ ဦး၊  Grade-၃ တန်းမှ ကျောင်းသား/ကျောင်းသူ ၆၂၀၈ ဦး၊ Grade-၄ တန်းမှ ကျောင်းသား/ ကျောင်းသူ ၇၀၈၄ ဦး၊ Grade-6 တန်းမှ ကျောင်းသား/ကျောင်းသူ ၃၈၈၂ ဦး၊ Grade-7 တန်းမှ ကျောင်းသား/ကျောင်းသူ ၃၄၆၂ ဦး၊ Grade-8 တန်းမှ ကျောင်းသား/ကျောင်းသူ ၂၆၆၅ ဦး၊ Grade-10 တန်းမှ ကျောင်းသား/ကျောင်းသူ ၂၂၀၆ ဦး၊ Grade-11 တန်းမှ ကျောင်းသား/ကျောင်းသူ ၁၇၃၀ ဦး၊ Grade-12 မှ ကျောင်းသား/ကျောင်းသူ ၁၁၆၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ အခြေခံပညာမူလတန်းကျောင်း ၁၃၀ ကျောင်း၊  အခြေခံပညာမူလတန်း(လွန်) ကျောင်း ၂၅ ကျောင်း၊ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း ၂၅ ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း ၂ ကျောင်း၊ အခြေခံပညာအထက်တန်း (ခွဲ) ကျောင်း ၉ ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၈ ကျောင်းရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)