ပြင်ဦးလွင်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်

ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂ဝ၂၆)ဖွင့်ပွဲအခမ်းအနားကို  ဖေဖော်ဝါရီ ၂ ရက်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၅ မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ သင်တန်းခန်းမဆောင်၌ ကျင်းပသည်။

ဦးစွာ ပြင်ဦးလွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က  မြန်မာနိုင်ငံတွင် နှစ်စဉ် မီးလောင်မှုအကြိမ်ပေါင်း ပျှမ်းမျှ (၁၁၀၀)ခန့် ဖြစ်ပွားတတ်ပြီး ဆုံးရှုံးမှုများ ဖြစ်နေသည်ကို စိစစ်တွေ့ရှိကြောင်း၊ နှစ်စဉ်ဖြစ်ပွားတတ်သည့် မီးလောင်မှုများကို သုံးသပ်လေ့လာကြည့်ပါက  မီးသုံးစွဲရာတွင် ပေါ့ဆခြင်းနှင့် အလေးထားဂရုပြုမှု မရှိခြင်းတို့ကြောင့် နှစ်စဉ်မီးလောင်ဆုံးရှုံးမှု တန်ဖိုးပမာဏသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်စေနိုင်လောက်သည့် ကိန်းပမာဏဖြစ်ခြင်းကြောင့် မီးသတ်ဦးစီးဌာနမှ ပိုမိုအလေးထား ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို  ဖေဖော်ဝါရီ ၂ ရက်မှ ၂၆ ရက်အထိ သင်တန်းကာလ ၄ ပတ်ကြာ စနစ်တကျသင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား ၅၀ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)