တံတားဦးမြို့နယ် အိမ်မြင့်စံကျေးရွာ”ရွှေအိမ်စံ”စာကြည်တိုက်၌ စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများကျင်းပ

တံတားဦး ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်မြင်စံကျေးရွာ စာကြည့်တိုက်ကော်မတီအဖွဲ့များ၊ ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း တို့ပူးပေါင်းပြီး ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်အတွက်အကျိုးပြုမည့်သားကောင်းသမီးရတနာများပေါ်ထွန်းလာစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျောင်းသား/သူများ နှုတ်မှုစွမ်းရည်နှင့် လူအများအလည် ရဲဝံ့စွာပြောဆိုစေရေး၊ စာဖတ်သည့်အလေ့အကျင့် ကောင်းများရရှိလာပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက “ ရွှေအိမ်စံ”စာကြည့်တိုက်၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲများတွင် ကျေးရွာအခြခံပညာမူလတန်းလွန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနေလှိုင်ဖြိုးက  စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာကြည့်တိုက်နှင့်ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဆရာ/ဆရာမများ၊ ကျေးရွာဒေသခံများ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးပြုနိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများကို ဆောင်ရွက်ပေးနေကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊  ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။ 

ယင်းနောက် မူ/လွန်(အိမ်မြင့်စံ)ကျောင်းသား/သူများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောတို့ကို ပါဝင်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက လက်ဆောင်များ ပေးအပ်ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)