ပြင်ဦးလွင်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြော

ပြင်ဦးလွင် ဖေဖော်ဝါရီ ၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အဖြစ် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက (ပြည်ထောင်စုနေ့အကြောင်းဟောပြောပွဲ ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက    ကျောင်းသား/ကျောင်းသူများအနေဖြင့် နေ့ထူးနေ့မြတ်များကို အမှတ်ရနေစေရန်‌၊  နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ အစရှိသည်တို့ကိုအသိပညာပေးဟောပြောခဲ့သည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)