ကြည့်မြင်တိုင်မြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ကြည့်မြင်တိုင် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်ရှိ အခြခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်နေ့ နံနက်ပိုင်းက အ.လ.က (၄) ကျောင်းတွင် ကျွေးမွေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် ပူးပေါင်းကာ ကျောင်းသား/ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး Grade-1 နှင့် KG တန်း ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြစ်စေမည့် အစားအစာများ ကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)