တွံတေးမြို့နယ်၌ စရီစူဠာမဏိဘုရားကျောင်း သိုက်ဖူးဆမ်ဘုရားပွဲကျင်းပ

တွံတေး ဖဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက် ရွှေဆံတော်ဘုရားလမ်းရှိ စရီစူဠာမဏိဘုရားကျောင်းတွင် နှစ်စဥ်ကျင်းပမြဲဖြစ်သော သိုက်ဖူးဆမ်ဘုရားပွဲကို ဖဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် (တပို့တွဲလပြည့်နေ့) က အဆိုပါဘုရားကျောင်းနှင့် မြို့တွင်းသို့ လှည်လည်ပူဇော်ပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ရွှေဆံတော်စေတီတောင်ဘက်မုဒ်ခြေတော်ရင်းတွင် အပ်ထိုး၍ မြို့တွင်သို့လှည့်လည်ကြသည်။ အဆိုပါဟိန္ဒူလူမျိုးတို့၏ စလားကာဝတီအပ်ထိုးပွဲတွင် အပ်တစ်ချောင်းထိုးမှ အပ်ပေါင်းတစ်ရာကျော်ထိ ထိုးနှံခြင်းများ ပါဝင်ကြကြောင်း သိရသည်။ ယင်းအပ်ထိုးပွဲနေ့တွင် ဘုရားကျောင်းမှ အများပြည်သူတို့အား သက်သက်လွတ်ထမင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ညဘက်တွင် စရီစူဠာမဏိဘုရားကျောင်းမှ တစ်နှစ်တစ်ခါဘုရားရှင်နှင့်တကွ မယ်တော်မြို့တွင်း လှည်လည်ပူဇော်ခံခဲကြောင်း သိရသည်။

မျိုးလှိုင်