တပ်ကုန်း ဖေဖော်ဝါရီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကျင်းပသည့် တီဘီရောဂါအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စာသင်ဆောင်တွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသီနိုင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဒေါ်စန္ဒာမြင့်က တီဘီရောဂါကူးဆက်တတ်ပုံနှင့် တီဘီရောဂါလက္ခဏာများ ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာ ဦးချစ်ဦးက အနာကြီးရောဂါဖြစ်ပွားတတ်ပုံနှင့် အနာကြီးရောဂါကင်းဝေရေး ရှင်းလင်းဟောပြော၍လည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်နွယ်နီလင်းက ကျောင်းသားလူငယ်များနှင့်သက်ဆိုင်သည့် ဥပဒေအကြောင်းအရာများ ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
တင်စိုးလွင်