ပြည်ကြီးတံခွန် ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့ နံနက် ၉ နာရီခွဲက ကာကွယ်ဆေး လွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယအုပ်ချုပ်ရေးမှူး ဦးထင်လင်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး(၁) ဒေါ်နှင်းယုဆွေက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၏ ရည်ရွယ်ချက်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးအရွယ်မှ ၁၀ နှစ်အထိ ပုံမှန်ကာကွယ်ဆေး တိုက် ကျွေးမည့်အစီအစဉ်များ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း အစီအစဉ်များ၊ ကာကွယ်ဆေးလွှမ်းခြုံမှုမြှင့်မားစေရေး လက်ရှိဆောင်ရွက်နေသော နည်းလမ်းများ၊ အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ၊ အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများနှင့် တုံ့ပြန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ၂၀၂၆ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအကြောင်းအရာတို့ကို Power Pointဖြင့် အသေးစိတ်ရှင်းလင်တင်ပြခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာအသီးသီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကို အသီးသီး မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ကြီးတံခွန်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးထင်လင်းစိုး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် (၁၈)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)