လှိုင်သာယာ ဖေဖော်ဝါရီ ၂
ကျောင်းသား/ ကျောင်းသူများ ယာဥ်အန္တရာယ်ဖြစ်ပွားမှုမရှိစေရန်နှင့် ယာဥ်ကြောများ ပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၈) အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စုတပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်ပွားစေရန် ကျောင်းသား/ ကျောင်းသူများ ကျောင်းအတက်၊ အဆင်းတွင် ပိတ်ဆို့မှုမရှိစေရန်နှင့် ယာဥ်အန္တရာယ်လျော့ကျနိုင်စေရန် မော်တော်ခေါင်မိုးများကို စစ်ဆေးခြင်းများပြုလုပ်ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆောင်ရန်/ ရှောင်ရန်အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ နေ့စဥ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)