လဲချားမြို့နယ်တွင် မီးဘေးလုံခြုံရေး ဇတ်တိုက်လက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်

လဲချား ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၌ မီးဘေးလုံခြုံရေး ဇတ်တိုက်လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မဈေးအရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးဝင်းထွန်းက ပွင့်လင်းရာသီ ရောက်ရှိသည်နှင့်အမျှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် မီးငြှိမ်းသတ်ရေးနည်းလမ်းများအား ပြည်သူများ သိရှိစေရန်ရန်ရည်ရွယ်၍ ယခုလိုဇတ်တိုက်လက်တွေ့လေ့ကျင့်သရုပ်ပြခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ တပ်ဖွဲ့ဝင်များနှင့်အတူ မီးသတ်ဆေးဘူးကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရေး၊ မီးလောင်မီးလန့်မှုများဖြစ်ပွားလာပါက မီးသတ်ဆေးဘူး လက်လှမ်းမမီပါက အခြားနည်းလမ်းဖြင့်အမြန်ဆုံးငြှိမ်းသတ်နိုင်ရေးနှင့်  လက်တွေ့မီးငြိမ်းသတ်နည်းများကို သရုပ်ပြဇတ်တိုက်လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဇတ်တိုက်လက်တွေ့သရုပ်ပြခြင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဉီးနန်းတင့်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)