တန့်ယန်း ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၊ ရပ်ကွက်များ၊ အသင်းအဖွဲ့များ စုပေါင်း၍ တပို့တွဲလပြည့်နေ့ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ကျင်းပသည်။
အဆိုပါ တပို့တွဲ လပြည့်နေ့ စုပေါင်းထမနဲထိုးပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးချန်မျိုးထွန်းနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးကြကာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများပါဝင်သော (၁၃)ဖွဲ့တို့က စုပေါင်းထမနဲထိုးပွဲအား ကျင်းပခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းတို့ကို အကြီးအကဲများ ဦးဆောင်၍ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)