ပြင်ဦးလွင် ဇန်နဝါရီ ၃၀
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ (၁၂) ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဇန်နဝါရီ ၂၉ ရက် ညနေ ၃ နာရီက ဘုရားကြီးရင်ပြင်၌ ကျင်းပသည်။
ဦးစွာ ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲနှင့်ပတ်သတ်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်ပေးဒိုင်အဖွဲ့မှ ပြိုင်ပွဲဝင်အသင်းများ၏ အသင့်ပြင်ဆင်ထားရှိသည့် ထမနဲဖြစ်မြောက်ရေးအတွက် လိုအပ်သည်ပစ္စည်းများကို ပြိုင်ပွဲစည်းကမ်းနှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးကြည့်ရှုကြ၍ ပြိုင်ပွဲကိုဖျော်ဖြေရေးအတီးအမှုတ်နှင့်အတူအဖွဲ့(၁၂)ဖွဲ့မှ အကပဒေသာဖြင့် ဆက်လက်ယှဉ်ပြိုင်ကြသည်။
ဆက်လက်ပြီး ပြိုင်ပွဲတွင် ဆုရရှိသောအသင်းအဖွဲ့များကို အလှူရှင်များမှ ဆုများထိုက်တန်စွာချီးမြှင့်ကြပြီး တက်ရောက်လာသော ပြည်သူအပေါင်းတို့အား ထမနဲဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန် /ဆက်)