မန္တလေးမြို့၌ တရားမဝင်ဆေးဝါးများ၊ သုံးစွဲရန်မသင့်သည့် အလှကုန်များတရားမဝင်အစားအသောက်များအား  မီးရှို့ဖျက်ဆီး

မန္တလေး ဇန်နဝါရီ ၃၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (FDA)နှင့်မှုခင်းရဲတပ်ဖွဲ့(CID)တို့ပူးပေါင်း၍ ဖမ်းဆီးရမိသောတရားမဝင်ဆေးဝါးများ၊ စံမညီဆေးဝါးများ၊ သွင်းကုန်ထောက်ခံချက်မရှိသည့် တရားမဝင်အစားအသောက်များ၊ သုံးစွဲရန်မသင့်သည့် အလှကုန်များမီးရှို့ဖျက်ဆီးပွဲကို ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်တွင် ပြုလုပ်သည်။

ဖမ်းဆီးရမိသော ကျပ် ၁၈၅၀၉၇၃ဝဝ တန်ဖိုးရှိ တရားမဝင်ဆေးဝါးများနှင့်စံမညီဆေးဝါးများ၊ ဈေးကွက်အတွင်းမှ သိမ်းဆည်းရမိသော ကျပ် ၃၁၇၀၀၀ တန်ဖိုးရှိ သုံးစွဲရန်မသင့်သည့် အလှကုန်များ၊ Import Recommendation (IR)သွင်းကုန်ထောက်ခံချက်မရှိသည့် တရားမဝင်အစားအသောက်များကြော်ငြာရောင်းချနေသည့် လူမှုကွန်ရက်စာမျက်နှာများအား ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ကွင်းဆင်းစစ်ဆေးစဉ် သိမ်းဆည်းရမိထားသော ကျပ် ၂,၄၆၃,၃ဝဝ တန်ဖိုးရှိ သွင်းကုန်ထောက်ခံချက်မရှိသည့် တရားမဝင်အစားအသောက်များအား  မီးရှို့ဖျက်ဆီးကြသည်။

အဆိုပါမီးရှို့ဖျက်ဆီးပွဲသို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်နှင့်တာဝန်ရှိသူများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)