မတ္တရာမြို့မစျေး မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

မတ္တရာ  ဇန်နဝါရီ  ၃၀

မန္တ‌လေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့မ‌ဈေးတွင် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေးအသိပညာပေးခြင်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်း မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၉ ရက် ညနေ ၃နာရီခွဲက  မတ္တရာမြို့မ‌ဈေးတွင် ဆောင်ရွက်သည်။

ဦးစွာ စည်ပင်သာယာဝန်ထမ်းများနှင့် စျေးသူ/စျေးသားများနှင့်အား မီးသတိမူရေးအတွက်  မီးသတ်ဆေးဘူးအသုံးပြုပြီး မီးငြှိမ်းသတ်ခြင်းကိုရှင်းလင်းပြသကာ တက်ရောက်လာသူများအား လက်တွေ့ဆောင်ရွက်စေခဲ့ပြီး မီးသတ်ယာဉ်ဖြင့် မီးငြှိမ်းသတ်​ခြင်းကို သရုပ်ပြသခဲ့သည်။ ထို့နောက် စျေးအတွင်းမီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု၊ အရေးပေါ်မီးငြှိမ်းသတ်ရေးအတွက် ရေရရှိရေးဆောင်ရွက်ထားမှုတို့ကို လိုက်လံစစ်ဆေးခဲ့ပြီး  မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရမည့်အစီအမံများကို မြို့နယ်မီးသတ် ဦးစီးမှူးမှ ရှင်းလင်းအကြံပြုသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး သန်းဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌မောင်လွင်နှင့်တပ်ဖွဲ့ဝင်များ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ခေတ္တအမှုဆောင်အရာရှိ ဦးထွန်းလှ‌အောင်နှင့် ဝန်ထမ်းများ၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  တာဝန်ရှိသူများ၊ စျေးတာဝန်ခံ ဦးအောင်ကိုသက်နှင့်စျေးဝန်ထမ်းများ စျေးသူ/စျေးသားများတက်ရောက်ခဲ့ကြောင်းသိရသည်။

ရွှေရာသား