ရန်ကင်းမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်

ရန်ကင်း ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ် (၁၅) ရပ်ကွက်မိုးကောင်းလမ်းရှိ မြဝတီမီဒီယာစင်တာရှိ ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြဝတီမီဒီယာစင်တာ အထွေထွေမန်နေဂျာ ဦးထွန်းထွန်းမှ ဝန်ထမ်းများ အားမြဝတီမီဒီယာစင်တာမီးဘေးလုံခြုံရေးအတွက် အဖွဲ့များဖွဲ့စည်း၍ ကိုယ်စီတာဝန်ပေးအပ်ထားမှုများ ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးထိန်လင်းမှ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဟောပြောဆွေးနွေးကာဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြု၍ ရှေးဦးမီးငြိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်ပေးရာ မြဝတီမီဒီယာစင်တာကွပ်ကဲမှုအောက်ရှိ ဌာနခွဲအသီးသီးမှ ဝန်ထမ်း (၉၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

လှလှထွေး (ပြန်/ဆက်)