ကလော ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကြီးကြပ်ဆောင်ရွက်သည့် ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ရပ်ကွက်(၈)မှ တာယော-ရွာသစ်-ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ကျေးရွာသွားလမ်း ၁/၀ မိုင် ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကလောမြို့ရပ်ကွက်(၈)မှ တာယော-ရွာသစ်-ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ ကျေးရွာသွားလမ်း ၁/၀ မိုင် ကတ္တရာလမ်းအား ရှမ်းပြည်နယ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ လမ်းကမ္ဗည်းကျောက်စာအား အမွေးနံ့သာရည် ပက်ဖျန်းခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများနှင့်ဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား လမ်းဖွင့်ပွဲအထိမ်းအမှတ် Trophy တံဆိပ်နှင့် ဒေသထွက်လက်ဆောင်များ ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက ကတ္တရာလမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)