ကျေးသီးမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း‌အဝေးကျင်းပ

ကျေးသီး ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကြည်ပြာဝေက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူက ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၏ ရည်ရွယ်ချက်များ၊ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားစေရေး လက်ရှိဆောင်ရွက်လျက်ရှိသော နည်းဗျူဟာများ၊ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်များ၊ ကာကွယ်ဆေးများ ထိုးနှံလွှမ်းခြုံမှုအခြေအနေနှင့် ၂၀၂၆ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျန်းမာရေးဝန်ထမ်းများက မိမိတို့ကျန်းမာရေးဌာန၊ ဌာနခွဲများအလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွအား နည်းချက်များကိုက်မည့်လုပ်ငန်းများ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့် ပြန်လည်တင်ပြဆွေးနွေးရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကြည်ပြာဝေ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မြတ်ဗိုလ်သူ၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးမျိုးမင်းထွန်းနှင့် မြို့နယ်ဥပဒေအရာရှိ ဦးခန့်ဟိန်းသန့်တို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်လျှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ကြည်ပြာဝေ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဉ်၊ မြို့နယ်ဒုတိယပညာရေးမှူး ဦးမျိုးမင်းထွန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးခန့်ဟိန်းသန့်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်မြတ် ဗိုလ်သူနှင့် ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့ရှိ ကျန်းမာရေးဌာန၊ ဌာနခွဲများမှကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)