ကျိုက်ထို ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၄ -၂၀၂၅)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သဘာပတိ ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြား ပြီးပြည်နယ်သမဝါယမ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကြွယ်နှင့် ပြည်နယ်သမဝါယမအသင်း စုချုပ်ဥက္ကဋ္ဌ ဦးစိုးတင့်တို့က လမ်းညွှန်အမှာ စကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူး ဒေါ်ဇင်ဇင်ခိုင်က မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် တင်သွင်းသည့် အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်းသား စာရင်းစစ် အစီရင်ခံစာ များအား ဖတ်ကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အမှုဆောင်အဖွဲ့ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် အသင်းသားစာရင်းစစ် အဖွဲ့အစီရင်ခံစာများ၊ မြို့နယ်သမဝါယမ အသင်းစုပိုင်မြေနေရာပေါ်တွင် အသစ်ဆောက်လုပ်ထားသောဆိုင်ခန်းတွဲအဆောက်အဦးသစ်နှင့် EXIM Bank ချေးငွေလုပ်ငန်းအတွက် ပေးဆပ်ထားငွေများအား သဘာပတိထံ အတည်ပြုချက်ရယူခဲ့ပြီး တက်ရောက်လာသော အခြေခံသမဝါယမအသင်းများမှ ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။
ပြည့်ဖြိုး(ပြန်/ဆက်)