တံတားဦးမြို့နယ်၌၂၀၂၆ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်း စိုက်ပျိုးရန် ပျိုးပင် ၃၀၀၀၀ ပြုစုစိုက်ပျိုးထားရှိ

တံတားဦး ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၆ခုနှစ်၊ မိုးရာသီတွင် စိုက်ပျိုးမည့် တစ်ရွာ(၂)ဧက ထင်းစိုက်ခင်း စိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀နာရီက ဇီးချောင်းကျေးရွာတွင် ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာသို့ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦး ဦးဆောင်ပြီး သစ်တောဝန်ထမ်းများနှင့်အတူ ကွင်းဆင်းဆောင်ရွက်ကြသည်။ တံတားဦးမြို့နယ်ဇီးချောင်းကျေးရွာသည် ချောင်းခွဘိနယ်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးမည့် တစ်ရွာ(၂)ဧကနှုန်းဖြင့် တမာ၊ ယူကလစ်၊ ဖျောက်ဆိပ်တို့ စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးရုံးမှ သိရသည်။

တံတားဦးမြို့နယ် သစ်တောဦးစီးဌာနရုံးတွင် ၂၀၂၆ခုနှစ်၊ မိုးရာသီတွင် ပြည်သူများ လွယ်လင့်တကူ စိုက်ပျိုးရန် ဖြန့်ဝေမည့် တမာပင် ၇၅၀၀၊ ယူကလစ်ပင် ၁၀၀၀၀ ၊ ဖျောက်ဆိပ်ပင် ၉၀၀၀၊ မယ်ဇလီပင် ၁၅၀၀၊ ကုက္ကိုပင် ၂၀၀၀၊ ပျိုးပင်စုစုပေါင်း ၃၀၀၀၀ ကို ပြုစုပျိုးထားရှိ ကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)