ညောင်ဦးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်ဟောပြော

ညောင်ဦး ဇန်နဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး  ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြသခြင်းကို ဇန်ဝါရီ ၂၈ ရက် နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်သူဇာစိုးက  အသိပညာပေးဟောပြောပွဲများ၊ ပြိုင်ပွဲများကျင်းပရသည့် ရည်ရွယ်ချက်များ၊ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံတို့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ကျောင်းဝင်းအတွင်း ပြသထားသည့် ပညာပေးနံရံကပ်စာစောင်၊ နံရံကပ်ပိုစတာများပြသခဲ့ကြကြောင်းသိရသည်။

ဒီပါလင်း