ကျိုက်ထို ဇန်နဝါရီ ၂၈
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဝန်ထမ်းများ၏သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက်ပိုင်းက ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်မှ အဖွင့်အမှာစကားနှင့် ထောက်ပံ့ငွေပေးအပ်သည့် ရည်ရွယ်ချက်တို့ကို ပြောကြားပြီး ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေပေးအပ်ရာတွင် ကျိုက်ထိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ သားသမီး (၁၁)ဦးတို့အား ၂၀၂၅-၂၀၂၆ အတန်းတင် စာမေးပွဲဖြေဆိုရာတွင် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ထောက်ပံ့စရိတ်များ အားပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)