မိုးနဲမြို့နယ်၌ ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများ ကာကွယ်ဆေးပိုမိုထိုးနှံတိုက်ကျွေးနိုင်ရေး အသိပညာပေး ဆွေးနွေး

မိုးနဲ ဇန်နဝါရီ ၂၈

နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုအားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မိုးနဲမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇင်မီဟန်က ပြည်သူ့ကျန်းမာရေးဦးစီဌာန၏ (၁၈၈၉)ခုနှစ်မှ စတင်၍ (၂၀၂၅)ခုနှစ်အထိ ကာကွယ်ဆေးထိုးလုပ်ငန်း၏ အောင်မြင်မှုမှတ်တိုင်များ၊ အထူးဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့မှုများ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ခဲ့မှုများ၊ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြား၍ ဆွေးနွေးပွဲတက်ရောက်လာကြသူများအား မြန်မာနိုင်ငံအတွင်းရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအား အသက်အလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုလုပ်ငန်းဆောင်ရွက်နေသည့် အသိပညာပေးဗီဒီယိုဖွင့်လှစ်ပြသခဲ့ကြောင်း သိရသည်။

မျိုးည့န့်ရွှေ(မိုးနဲ)