တောင်ဥက္ကလာပ ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၄ နာရီအချိန်က ဥက္ကလာပစေတီရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သင်္ဃန်းကျွန်းခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တောင်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့အစည်းများ၊ ပြည်သူများ စုပေါင်း၍ ရဟန်း၊ သံဃာနှင့် သီလရှင် (၁၈၃) ပါးတို့အား ဆွမ်းဆန်စိမ်းများ၊ ဝတ္ထုငွေများနှင့် လှူဖွယ်ပစွည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။
ထို့နောက် မဟာမုနိဓမ္မာရုံတော်ကြီး၌ တောင်ဥက္ကလာပမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌဆရာတော်ထံမှ အနုမောဒနာတရားနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေပေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ ဆွမ်းဆန်စိမ်းလှူဒါန်းပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)