တာလေ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြို့ဖွံ့ဖြိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က တာလေမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များနှင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြိုင်ပွဲများအား အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မြို့တွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးဆိုင်ရာ ကိစ္စရပ်များနှင့် တာလေမြို့ဖွံ့ဖြိုးတိုးရေးဆိုင်ရာလုပ်ငန်းများကို ဌာနအလိုက်အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ မြို့အုပ်ချုပ်ရေးမှူး ဦးလင်းလင်းအောင်က လိုအပ်သည်များကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)