မိုင်းယောင်းမြို့နယ်၊ အောင်မြင်ကျေးရွာ၌ ဆဌမအကြိမ်မြောက် လားဟူတိုင်းရင်းသား စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၂၇

ဆဌမအကြိမ်မြောက် လားဟူတိုင်းရင်းသားတို့၏ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းကျေးရွာအုပ်စု၊ အောင်မြင်ကျေးရွာရှိ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပွဲတော်သို့ မြို့နယ်နှင့်မြို့အတွင်းရှိ ဖိတ်ကြားထားသည့် လားဟူတိုင်းရင်းသားများက အောင်မြင်ကျေးရွာရှိ လားဟူတိုင်းရင်းသားများနှင့်အတူ ယင်းကွင်းအလယ်တွင် ရိုးရာအစားအစာနှင့် ရိုးရာပစ္စည်းများဖြင့်ပြုလုပ်ထားသည့် ထင်းရှူးပဒေသာပင်၌ ဧည့်သည်တော်ကြီးများနှင့်အတူ လားဟူထုံးစံ ဗူးပလွေမြေဝိုင်းအကကို လက်ယာရစ်လှည့်လည်ကပြကြခြင်း၊ အိုးစည်ဗုံမောင်းတီး၍ကပြကြခြင်းနှင့် လားဟူရိုးရာယဉ်ကျေးမှုအဖွဲ့များက လက်ဆေးခြင်းမင်္ဂလာခံယူခဲ့ကြသည်။

ယင်းပွဲတော်သို့ မိုင်းယောင်းနှင့်မိုင်းယုမြို့တို့မှ မြို့နယ်/မြို့အဆင့်ဌာနဆိုင်တာဝန်ရှိသူများ၊ မြို့နယ်/မြို့အတွင်းရှိ လားဟူတိုင်းရင်းသားများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အောင်မြင်ကျေးရွာရှိ လားဟူတိုင်းရင်းသားများက လားဟူရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးကာ ဆဌမအကြိမ်မြောက် လားဟူတိုင်းရင်းသားတို့၏ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်