မိုးနဲ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်လျက်ရှိရာ ဆီထွက်သီးနှံဖြစ်သည့် ဆီမုန်ညှင်းစိုက်ခင်းများကို စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် အဓိကစီးပွားဖြစ်စိုက်ပျိုးသော ပြောင်း၊ ပဲပုပ်၊ စပါး၊ ကြက်သွန်တို့အပြင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ ပန်းနန်း၊ ဆီမုန်ညှင်းနှင့် မြေပဲတို့ကို စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် ပြောင်းများရိတ်သိမ်းပြီး ထပ်မံစိုက်ပျိုးထားသော မုန်ညှင်းစိုက်ခင်းများ စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မုန်ညှင်းစိုက်ခင်းများရိတ်သိမ်းပြီးချိန်တွင် ဆီကျိတ်ကာ မိသားစုမီးဖိုဆောင် အသုံးပြုရန် လိုအပ်သလောက်သာ ချန်လှပ်ထားပြီး ပိုလျှံသော ဆီများကို မိသားစုဝင်ငွေရရှိရန် ရောင်းချသွားမည်ဖြစ်ရာ ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
ဇင်ကိုကို