မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာကွင်းတွင် ပဲပုပ်မျိုး‌စေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြစိုက်ပျိုး

မိုးနဲ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲပုပ်နှစ်ဧက ကွင်းသရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က နမ့်မော်ဆွမ့်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစိုင်းအောင်ပူး၏ လယ်မြေတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက ရေဆင်း-၁၅ ပဲပုပ်မျိုးစေ့ထုတ်နှစ်ဧကကို တောင်သူများနှင့်အတူ စိုက်ပျိုးပေးခဲ့ပြီး လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အ‌လေ့အကျင့်ကောင်းများ၊ ဓာတ်မြေဩဇာသုံးစွဲမှုတို့ကို နည်းပညာပေးဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မျိုးည့န့်ရွှေ(မိုးနဲ)