သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ကျိုက်ခေါက်စေတီတော်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၂

သန်လျင်ခရိုင် သန်လျင်မြို့နယ် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်ကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြသည်။

ယင်းသို့ဆောင်ရွက်ရာတွင် စေတီတော်အထောက်အကူပြုနံ့သာကပ်လှူ ကုသိုလ်ယူအသင်းသူ၊ အသင်းသားများက တံမြက်စည်းလှည်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ခြုံနွယ်မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါနံ့သာကပ်လှူ ကုသိုလ်ယူအသင်းသူ၊ အသင်းသားများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို စေတီတော်ဂေါပကအဖွဲ့ဝင်များက လည့်လည်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ