ခရမ်း ဇန်နဝါရီ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဝယ်ယူရရှိနိုင်စေရန် ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ စာအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့ နံနက် (၇) နာရီမှ စတင်၍ မြို့နယ်သကျမာရဇိန်သွန်းဘုရားကြီးဝန်းအတွင်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးရာတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၁) ဦးလျှင် စားအုန်းဆီ ၂ ပိဿာ ၅၀ ကျပ်သားဘူး (၁) ဘူးလျှင် (၁၉၃၀၀/-) နှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ စားအုန်းဆီ ၃၃၀၀ ပိဿာအား နိုင်ငံ့ဝန်ထမ်းပင်စင်စားပြည်သူများ လက်ဝယ်အရောက် စနစ်တကျဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရမ်း (ပြန်/ဆက်)