သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်သို့ ကိုဝဏ္ဏထွန်း+မရွှေဇင်လှိုင် မိသားစုက ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဒါန်း

သင်္ဃန်းကျွန်း ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကစံဘုရားလမ်းမနှင့် ဦးညိုလမ်းထောင့်စံပြဆေးရုံကြီးအနီး ကျိုက္ကဆံသဘာဝတရားဆေးရုံနှင့် ကုသိုလ်ဘဏ်တွင် ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ဆရာတော်ဘုရားကြီး Dr.အရှင်ဥတ္တမသာရအား အမှူးထားကာ ကိုဝဏ္ဏထွန်း+မရွှေဇင်လှိုင် သမီး မသွန်းရွှေဆက်၊ သားမောင်သိဒ္ဓိမောင် သမီးငယ်မပြုံးသဒ္ဒါ မိသားစုက (၂၄) ပြီဆန်တစ်အိတ်၊ မြေပဲဆီ၊ မြန်မာဆေးနှင့် ဆားတို့အား အလှူဒါနပြုလာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဦးစွာ ဆရာလေးခယဝယဉာဏီကဦးဆောင်ကာ ကုသိုလ်ယူမိသားစုအား ဂုဏ်ပြုမှတ်တမ်းနှင့် လှူဒါန်းသည့် အလှူရှင်တို့အား မေတ္တာပို့ဆုတောင်းပေးကြပြီး သာဓု (၃) ကြိမ်ခေါ်ဆိုကာ လှူဒါန်းမှုအစီအစဥ်ပြီးမြောက်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲသည် ဆေးရုံတက်ရောက်ကုသနေသူများ၊ အနှေးယာဥ်လုပ်သားများ၊ ရပ်ကွက်နေပြည်သူများအား တစ်နေ့တာ စားသောက်ရေးအဆင်ပြေစေရန် ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ကြောင်း အဟာရဒါနကုသိုပြုခြင်းအား ကိုယ်တိုင်ကုသိုလ် ယူလိုသူများအနေဖြင့်သော်လည်းကောင်း၊ အရေးပေါ်သွေးလိုအပ်လျှင်သော်လည်းကောင်း ဆရာလေးခယဝယဉာဏီတယ်လီဖုန်းအမှတ် ၀၉-၅၀၉၆၂၅၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း၊ အဟာရဒါနကုသိုလ်ပြုခြင်းအား နေ့စဥ်နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် လှူဒါန်းပေးဝေနေကြောင်း သတင်းရရှိသည်။

ဇော်မိုး