မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုလီမိတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၃-၂၀၂၄ နှင့် ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇန်နဝါရီလ(၂၆) ရက်က မြို့နယ်သမဝါယမအသင်းစုရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးတင်ထွန်းက အမှာစကားပြောကြားပြီး၊ ပြည်နယ်သမဝါယမဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်က အစည်းအဝေးကျင်းပရခြင်း၏ရည်ရွယ်ချက်၊ သမဝါယမအသင်းများက လုပ်ငန်းဆောင်ရွက်ရာတွင် အသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရေးနှင့် မွန်ပြည်နယ် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးစိုးတင့်မှသမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် သမဝါယမအသင်းအဆင့်ဆင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စများအား ရှင်းလင်းပြောကြား သည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်းနှင့်ရှေ့လုပ်ငန်းစဉ်များအား အသင်းအမှုဆောင်အဖွဲ့မှ ဖတ်ကြားရှင်းလင်းတင်ပြ၍ တက်ရောက်လာသည့် အသင်းဝင်ကိုယ်စားလှယ်များရှေ့မှောက်တွင် အတည်ပြုချက်များရယူ ဆောင်ရွက်ခဲ့ပြီး အသင်းဝင်ကိုယ်စားလှယ်များအား ရင်းနှီးငွေပေါ်အကျိုးအမြတ်ခွဲဝေပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်