(၃၄)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အ.ထ.က(၁) တွံတေး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

တွံတေး ဇန်နဝါရီ ၂၄  

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အုန်းပင်စုရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သင်ကြားပေးခဲ့ကြသောအနန္တဂိုဏ်းဝင်ကျေးဇူးရှင် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးအပေါင်းတို့အား မြတ်ဆရာဂါဝရသဘင်ဆင်ယင်ပွဲကို ဖေဖော်ဝါရီလ(၂)ရက်နေ့ (၉)နာရီအချိန် အ.ထ.က (၁) တွံတေးယုဇနခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ကျောင်းသား၊ကျောင်းသူဟောင်းများက အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆရာကြီး၊ဆရာမကြီးတို့အား အာစရိယပူဇော်ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့မည်ဖြစ်ရာ အပူဇော်ခံ ဆရာကြီး၊ဆရာမကြီးများအား အ.ထ.က(၁)တွံတေးတွင် စာသင်သင်ကြားခဲ့၍ ရပ်နီး/ရပ်ဝေး၌ရောက်နေကြသော ကျောင်းသား/ ကျောင်းသူအပေါင်းတို့အနေဖြင့် စာပေသင်ကြားပေးခဲ့ကြသော အနန္တဂိုဏ်းဝင်ကျေးဇူးရှင် အငြိမ်းစားဆရာကြီး၊ဆရာမကြီးအပေါင်းတို့အား အာစရိယဂါဝရသဘင်ဆင်ယင်ပွဲသို့ကြွရောက် ပူဇော်ကန်တော့ရန် ဖိတ်ကြားအပ်ပါကြောင်းနှင့် ကျောင်းသား/ကျောင်းသူအားလုံး ဖေဖော်ဝါရီလ(၂)ရက်နေ့ အ.ထ.က(၁) တွံတေးယုဇနခန်းမသို့ ကြွရောက်ပေးကြရန် ဖိတ်ကြားအပ်ပါကြောင်း အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီထံမှ သိရှိရသည်။

မျိုးလှိုင် တွံတေး