(၄၃)ကြိမ်မြောက် မုဒုံမြို့လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံ မွန်၊ မြန်မာ ဝိနယာနုဂ္ဂဟစာတော်ပြန် ရေးဖြေပွဲရေစက်ချအခမ်းအနားကျင်းပ

မုဒုံ ဇန်နဝါရီ  ၂၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၄)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ ကျောင်းထိုင် ဆရာတော်ကြီးများ ကြီးမှူးကျင်းပသော မွန်၊ မြန်မာဝိနယာနုဂ္ဂဟစာတော်ပြန်ရေးဖြေပွဲ ရေစက်ချအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်နေ့နံနက် ၉ နာရီက ဓမ္မရာဇိန် ကျောင်းတိုက်ဓမ္မာရုံ၌ ပြုလုပ်သည်။

အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ဂျုံးဂျုံးကျတောရကျောင်း ဆရာတော်ကြီးထံမှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိသတ် အပေါင်းက ငါးပါးသီလခံယူကြသည်။ ထို့နောက် တာဝန်ရှိသူများ၊ အလှူရှင်များက သြဝါဒ ဆရာတော်ကြီးများ၊ နာယကဆရာတော်ကြီးများ၊ ကျောင်းထိုင်နာယက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်သည်။

 ယင်းနောက် မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဝင်ရောက်ဖြေဆိုကြသည့် ဒွေးမာတိကာ၊ ဘိက္ခု၊ ရှင်ကျင့်ဝတ်၊ ရှင်ကျင့်ဝတ်အာဂုံပြန်ဖြေဆိုခြင်း ဘာသာရပ်များတွင် စာအောင်သံဃာ၊ သီလရှင်တို့အား တာဝန်ရှိသူများက အောင်လက်မှတ်နှင့် ဆုများချီးမြှင့် ဆပ်ကပ်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရာမည(ပြန်/ဆက်)