ကျောက်မဲမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ကျောက်မဲ ဇန်နဝါရီ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထက(၂)ကျောင်း၌ ယမန်နေ့‌ နေ့လယ် (၁) နာရီအချိန်က ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ‌ရေးဌာနတို့ပူး‌ပေါင်း၍ လူငယ်ရေးရာအသိပညာပေဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက ပြည်ထောင်စုစိတ်ဓါတ်နှင့်လူငယ်တို့၏အနာဂတ်တာဝန် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ကျောက်မဲခရိုင်းရုံးမှ ဦးစီးမှူး ဒေါ််မူမူသိန်းက မီးဘေးအန္တရာယ် အကြောင်းကိုလည်းကောင်း အသီသီး ဟောပြောခဲ့ကြသည်။

ယင်းနောက် ကျောင်သား ကျောင်းသူများက ခင်းကျင်းပြသထားသော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်၊ ဆေးလိပ်သောက်ခြင်းဆိုးကျိုးနှင့် မူးယစ်ဆေးဝါး၏ဆိုးကျိုး နံရံကပ်စာစောင်နှင့် ဓါတ်ပုံများကို စိတ်ဝင်တစားလှည့်လည်ကြည့်ရှုခဲ့ကြပြီး ကျောင်းသားကျောင်းသူ များအား ဌာနထုတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်