မော်လမြိုင် ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်သားဖွားသင်တန်းကျောင်း၊ အပတ်စဉ် (၆) ပထမနှစ်သူနာပြုသားဖွားသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သားဖွားသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသား/သူများမှ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရမှာဖြစ်ပြီး အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့သူနာပြုများ လိုက်နာရမည့် အသက်မွေးဝမ်း ကျောင်းဆိုင်ရာကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြရန်၊ အခြေခံသူနာပြုစုမှုအတတ်ပညာများကို အသုံးပြုပြီးပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သောမှန်ကန်တဲ့ Mindset ရှိတဲ့ သူနာပြုကောင်းများဖြစ်ကြစေရန်၊ မိမိတို့ရဲအသက်မွေးဝမ်းကျောင်းအတတ် ပညာရပ် (Profession) ကို ပြည်သူလူထုမှ အားကိုးယုံကြည်ပြီး မွန်မြတ်သောအတတ်ပညာများဖြင့် ပြည်သူလူထုကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြုစုပေးနိုင်သော သူနာပြုကောင်းဖြစ်ကြစေလိုကြောင်း မှာကြားသည်။
ထို့နောက် သားဖွားသင်တန်းကျောင်း၊ မော်လမြိုင်မှ မြို့နယ်အလိုက် သင်တန်းသား၊သူများက မိတ်ဆက်ခဲ့ကြပြီး အကအလှများ၊ တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်၍ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။
အဆိုပါ အပတ်စဉ် (၆) ပထမနှစ်သူနာပြု သားဖွားသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၄၆) ဦး၊ သင်တန်းကာလ (၃) နှစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေး ဦးစီးကော်မတီ အပါအဝင်ကော်မတီ (၃) ရပ်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများဖော်ဆောင်ရေး ဦးစီးကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း များမှအစပြု၍ မိမိဒေသ၊ မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများမှာ ပြည်သူလူထုအနေဖြင့် စိတ်ပါဝင်စားကာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်လာရန်လိုကြောင်း၊ ယခုနှစ်မှာလည်း ပြည်နယ်ဂုဏ်ဆောင်နိုင်ရန်အတွက်သာမက အမျိုးသားအဆင့်အထိတက်လှမ်းနိုင်ရေး ကော်မတီဝင် ဌာနဆိုင်ရာများက ကျောင်းများ၏ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဖြည့်စွက် အကြုံပြုဆွေးန္ပွေးပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး၊ ဒေါက်တာ အောင်မြတ်ကျော်စိန်က အမှာစကားပြောကြားပြီး သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ဖော်ဆောင်ရေးဦးစီးကော်မတီ အတွင်းရေးမှူး မွန်ပြည်နယ်၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု စိစစ်ရွေးချယ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ ဖော်ဆောင်ရေးကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)