ကျိုက်မရော ၌စာဖတ်ရှိန် မြှင့်တင်ရေးနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်မရော ဇန်နဝါရီ ၂၀

ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအားစာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၂၀ ရက် နံနက်၉နာရီက နတ်စမ်းစံပြကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်သည်။

ဦးစွာ အ.မ.က နတ်စမ်းကျောင်းအုပ်ဆရာမကြီး ဒေါ်ငွေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတိမြတ်ထွေးက ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များစစ်မှူထမ်းခြင်းမှ ကာကွယ်တားဆီးရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချိုချို (ပြန်/ဆက်)