ဒေါပုံမြို့နယ်၊ ရွှေဖူးမျှော်လမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်တွင် ဈေးကားများဖြင့် လာရောက်ရောင်းချပေးမည် ဖြစ်ကြောင်း အသိပေးနှိုးဆော်

ဒေါပုံ ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက်နှင့် နွယ်အေးရပ်ကွက်ကြားရှိ "ရွှေဖူးမျှော်လမ်းနှင့်ဗိုလ်ချုပ်လမ်းထောင့်" တွင် ဈေးကားများဖြင့် လာရောက်ရောင်းချပေးမည်ကို မြို့နယ်စည်ပင်သာယာရေး​ကော်မတီက အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က ပြုလုပ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ရန်ကုန်မြို့တော်စည်ပင်သာယာ‌ရေး ကော်မတီ နှင့် မြန်မာနိုင်ငံ စက်မှုလက်မှုကုန်သည် ညီ‌နောင်များအသင်းတို့မှ သန့်ရှင်းလက်ဆတ်၍ ဈေးနှုန်း မှန်ကန်စွာဖြင့် (အမဲသား/ဆိတ်သား /ကြက်သား/ဝက်သား ကြက်ဥ/ ဆီ/ ရေထွက်ကုန် ပစ္စည်း(ငါး-ပုဇွန်)/ ဟင်းသီးဟင်းရွက်များကို ဈေးကားများဖြင့် လာ‌ရောက်ရောင်းချပေးမည်ဖြစ်ကြောင်းကို အသံချဲ့ စက်ဖြင့် ဗမာအေးရပ်ကွက်နှင့် နွယ်အေးရပ်ကွက်နေ ပြည်သူများသိရှိစေရန် လိုက်လံအသိပေးနှိုးဆော် ခဲ့ပြီး နီးစပ်ရာ ရပ်ကွက်များမှ မိဘပြည်သူများ လာရောက် ဝယ်ယူအားပေးနိုင်ကြောင်းကို ပြည်သူများ သိရှိစေရန်အတွက် ဒေါပုံမြိုနယ် စည်ပင်သာယာရေးကော်မတီမှ ကားဖြင့် လှည့်လည် နှိုးဆော်ကြောင်း သိရသည်။

သဲစုစုလွင်( ပြန်/ဆက်)