ဒဂုံ ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာနှင့် အဖွဲ့ဝင်များ၊ ခရိုင်စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူး ဦးသန်းဦး၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောအဖွဲ့ဖြင့် ဒဂုံမြို့နယ်အတွင်းရှိ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ယခုလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဲရုံ ၁၄ ရုံရှိကြောင်း သိရှိရသည်။ အဆိုပါအဖွဲ့က မဲဆန္ဒရှင်ပြည်သူများ သွားလာမှုအဆင်ပြေစေရေး၊ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ မဲရုံလုံခြုံရေး ဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်သူဟိန်း (ပြန်/ဆက်)