ရပ်စောက်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရပ်စောက် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာ‌ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) မှ ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းဖြင့် အခမ်းအနားအား ဂုဏ်ပြုဖွင့်လှစ်ခဲ့ပြီးနောက် ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီး ဦးရဲမြင့်ထွန်းနှင့် မိဘဆရာအသင်းနာယက ဗိုလ်ကြီးလှ‌‌အေး (အငြိမ်းစား) တို့ကအမှာစကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း(ရပ်စောက်)မှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်‌ဖော်‌ဆောင်ရွက်နေမှုများကို တင်ပြခဲ့ပြီး စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်ဝန်းကူညီဆောင်ရွက်‌ပေးကြသူများအား ကျေးဇူးတင်အမှားစကား ပြောကြားခဲ့သည်။ ၎င်းနောက် ဒုတိယမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းအဆင့်တို့တွင် ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့‌ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည်ဒို့မှန်းချီ သီချင်းဖြင့် သီဆို‌‌ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)